ကျွန်ုပ်တို့၏ စည်းကမ်းကျစ်လစ်သော ACAE မိသားစုမှ နွေးထွေးစွာကြိုဆိုပါသည်။ ကျွန်ုပ်တို့၏ ကလေးငယ်များသည် ကြီးပြင်းလာသည်နှင့်အမျှ ကိုယ့်ကိုကိုယ် တန်ဖိုးထားတတ်ခြင်းသည် အရေးကြီးကြောင်း သိရှိပြီးဖြစ်ပါသည်။ ထို့ကြောင့် ACAE ကျောင်းတော်ကြီးတွင် ကလေးတိုင်းသည် ကိုယ့်ကိုကိုယ် ယုံကြည်မှု ရှိ၍ အမှီအခိုကင်းစွာ နေထိုင် တတ်စေရန် အရည်အချင်းပြည့်၀သော သင်ကြားရေး၀န်ထမ်းများမှ လေ့ကျင့်ပျိုးထောင်ပေးလျက်ရှိပါသည်။
ပညာသင်ယူခြင်းသည် ကလေးများအတွက် ပျော်ရွှင်စရာကောင်း၍ ဆွဲဆောင်မှုရှိသော အတွေ့အကြုံ တစ်ခုဖြစ်သင့်သည်ဟု ကျွန်ုပ်တို့ ယုံကြည်ပါသည်။ ထို့ကြောင့် ACAE တွင်အပြန်အလှန် အကျိုးသက်ရောက်သောကစားခြင်းကို အခြေခံ၍ သင်ယူခြင်းလုပ်ငန်းများကို အလေးထား သင်ကြားလျက်ရှိပါသည်။ ထို့အပြင် ကလေးတစ်ဦးချင်းစီ၏ မတူညီသော သင်ယူမှုပုံစံ များကို သင်ကြားရေးနည်းလမ်းအမျိုးမျိုးဖြင့် လိုက်လောညီထွေ ဖြစ်အောင် သင်ကြားပါသည်။ ကျွန်ုပ်တို့၏ ပြီးပြည့်စုံသော သင်ကြားရေးနည်းစနစ် များသည် ကလေးများ၏ စူးစမ်းလိုစိတ်နှင့် စိတ်ကူးပုံဖော်ခြင်းလုပ်ငန်းများကို အထောက်အပံ့ဖြစ်စေသည်။
ကျွန်ုပ်တို့၏ ကြိုးစားအားထုတ်မှုအရာအားလုံးသည် ကလေးငယ်များအား ကိုယ်ကိုကိုယ် ယုံကြည်မှုရှိသော လူသားများဖြစ်လာစေသော နွေးထွေးသောပတ်၀န်းကျင်တစ်ခု ဖန်တီးပေးရန် ရည်ရွယ်သည်။